2082

နမ့်မီချောင်းအတွင်း ပျောက်ဆုံးသွားသော ကလေးငယ် (၁) ဦး၏ ရုပ်အလောင်းကို ၁၈ ရက်အကြာ ပြန်လည်တွေ့ရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
24 August 2026

နမ့်မီချောင်းအတွင်း ပျောက်ဆုံးသွားသော ကလေးငယ် (၁) ဦး၏ ရုပ်အလောင်းကို ၁၈ ရက်အကြာ ပြန်လည်တွေ့ရှိ


မိုင်းငေါ့၊ သြဂုတ် ၂၄ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း ရေနစ်ပျောက်ဆုံးသွားသော အသက် (၁၅) နှစ်အရွယ် ကလေးငယ် (၁) ဦး၏ ရုပ်အလောင်းကို ၁၈ ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့သည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၅) ရက်နေ့ နေ့လယ် (၁:၀၀) နာရီအချိန်တွင် သူငယ်ချင်း (၃) ဦးသည် နမ့်မီချောင်းအတွင်း ရေဆင်းဆော့ကစားရာမှ အသက် (၁၅) နှစ်အရွယ် မောင်မျိုးမြင့်စိုင်း ရေနစ်ပျောက်ဆုံးသွားခဲ့သည်။

 

အဆိုပါ ပျောက်ဆုံးနေသည့် ကလေးငယ်ကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျေးရွာတာဝန်ရှိသူများက ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ သြဂုတ်လ (၂၃) ရက်နေ့တွင် ချောင်းဘေးရှိ သစ်ပင်အောက်၌ ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

 

အခင်းဖြစ်ပွားရာနေရာသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ပေးခဲ့သည်။

 

မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းပါက ချောင်းရေများ အချိန်မရွေး မြင့်တက်လာနိုင်သဖြင့် မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များအား အထူးဂရုစိုက်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။ ကလေးငယ်များအနေဖြင့် မိဘများ၏ ခွင့်ပြုချက်မရရှိဘဲ ချောင်း၊ မြစ်နှင့် ရေဝင်ရောက်နိုင်သည့်နေရာများသို့ သွားလာခြင်း၊ တောတောင်အတွင်း တစ်ဦးတည်း သွားလာခြင်းများ မပြုလုပ်စေရန် တားမြစ်ပေးပြီး အန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်ရေးအတွက် ဂရုစိုက်စောင့်ရှောက်ကြရန် အသိပေးအပ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်မီချောင်းအတွင်း ပျောက်ဆုံးသွားသော ကလေးငယ် (၁) ဦး၏ ရုပ်အလောင်းကို ၁၈ ရက်အကြာ ပြန်လည်တွေ့ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်