တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF ၏ အခြေခံဥပဒေဆိုင်ရာ သင်တန်းလျှောက်လွှာပိတ်ရက်ကို စက်တင်ဘာ (၂၅ )ရက်အထိ ထပ်မံတိုးမြှင့်ပေး
နမ့်ဆန်၊ စက်တင်ဘာ ၁၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း ပြည်သူများ ဥပဒေကြောင်းအရ အကာအကွယ်များကို သိရှိနားလည်ရယူတတ်စေရန်၊ ငြိမ်းချမ်းပြီး တရားမျှတသော လူ့အဖွဲ့အစည်း ပေါ်ပေါက်လာစေရန်နှင့် ရပ်ရွာအတွင်း ကြုံတွေ့ရသည့် ဥပဒေဆိုင်ရာပြဿနာများကို ကူညီလမ်းညွှန်ပေးနိုင်သည့် Paralegal (ဥပဒေအထောက်အကူပြု) အဆင့်အထိ တက်လှမ်းနိုင်စေရန် ရည်ရွယ်၍ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF မှ အခြေခံဥပဒေဆိုင်ရာ အသိပညာပေးသင်တန်း (Basic Legal Knowledge Certificate Course) ကို ဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါသင်တန်းကို လျှောက်ထားလိုသူများ အဆင်ပြေစွာ လျှောက်ထားနိုင်ရန် မူလသတ်မှတ်ထားသည့် လျှောက်လွှာပိတ်ရက် စက်တင်ဘာ (၁၃)ရက်မှ စက်တင်ဘာ (၂၅)ရက်အထိ ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း တအာင်းဥပဒေအထောက်အကူပြုအဖွဲ့-TLAF မှ ယမန်နေ့တွင် ထုတ်ပြန်အသိပေးသည်။
လျှောက်လိုသူများအနေဖြင့် အသက် (၁၆) နှစ်မှ (၃၅) နှစ်အတွင်း ရှိသူဖြစ်ပြီးအနည်းဆုံး အထက်တန်းအဆင့် တက်ရောက်ဖူးသူ ဖြစ်ရမည်။ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာနိုင်ပြီး လူအများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်သူ ဖြစ်ရမည်။ သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၃၅) ဦးသာ စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။
သင်တန်းကာလတွင် (၃) လကြာမြင့်မည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူများအနေဖြင့် အခမဲ့ တက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်းတွင် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ အပါအဝင် ဘာသာရပ် (၁၄)ခုဖြစ်သည့် Trust Building ၊Human Rights ၊Legal Knowledge ၊Constitution ၊Women and Law ၊Rule of Law ၊Child Rights and the Child Rights Law၊Criminal Law၊ Minority Rights၊Federal၊Democrac၊ Special Law၊ ၊Basic Concepts of International Law စသည့်ဘာသာရပ်များကိုသင်ကြားသွားမည်ဖြစ်သည်။
အဆိုပါလျှောက်လွှာများကို ယခင်ကစက်တင်ဘာလ (၁၃)ရက်မှ ယခုစက်တင်ဘာလ(၂၅)ရက်နေ့ထပ်မံတိုးမြှင့်လိုက်သည်ဖြစ်ပြီး ရွေးချယ်ခံရသူများအား စက်တင်ဘာလ (၂၇) ရက်နေ့တွင်အကြောင်းပြန်ပေးမည်ဖြစ်သည်။
ထို့ပြင်သင်တန်းအသေးစိတ်အချက်အလက်များကို သိရှိလိုပါကအီးမေးလ် - [email protected]၊ Facebokk page- Taang Legal Aid Foundation
(သို့မဟုတ်)ဖုန်း - ၉၅၉-၆၉၆ ၆၁၈ ၀၉၃ ၊ ၉၅၉-၆၈၆ ၂၈၃ ၄၈၄ မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၎င်းသင်တန်းဖွင့်လှစ်ရခြင်းသည် အခြေခံအခွင့်အရေးများကို သိရှိနားလည်စေရန်၊ ဥပဒေဆိုင်ရာသိဖွယ်များကို သိရှိလာစေရန်၊ ဥပဒေအကာအကွယ်များကိုရယူပြီး ငြိမ်းချမ်းသော အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာစေရန်၊ မိမိနေထိုင်ရာ ရပ်ရွာဝန်းကျင်တွင် ပေါ်ပေါက်လာသော ဥပဒေဆိုင်ရာပြသနာများကို ကူညီလမ်းညွှန်တတ်စေရန်၊ Paralegalအဆင့် တတ်လှမ်းနိုင်စေရန်စသည့် အချက်အလက်များကို ရရှိသွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ