2180

မိုင်းမုကျေးရွာတွင် မီးကြိုးခိုးသည့် အမျိုးသား (၃) ဦးအနက် (၁) ဦး ဓာတ်လိုက်သေဆုံး၊ (၂) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
27 September 2026

မိုင်းမုကျေးရွာတွင် မီးကြိုးခိုးသည့် အမျိုးသား (၃) ဦးအနက် (၁) ဦး ဓာတ်လိုက်သေဆုံး၊ (၂) ဦးကို
တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

နမ္မတူ၊ စက်တင်ဘာ ၂၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ္မတူမြို့နယ်၊ မိုင်းမုအုပ်စု၊ မိုင်းမုကျေးရွာတွင် မီးကြိုးခိုးသည့် အမျိုးသား (၃) ဦးအနက် (၁) ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး (၂) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။





ဖြစ်စဉ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၁၁:၁၁) နာရီအချိန်၌ မိုင်းမုကျေးရွာအပြင်ဘက်ရှိ မီးကြိုးများကို ခိုးယူရန်အတွက် အသက် (၃၄) နှစ်အရွယ် ဦးအိုက်ပီးသည် မီးလာနေသော
ကြိုးကို ညှပ်ယူရန် လုပ်ဆောင်နေချိန် ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဓာတ်လိုက်သေဆုံးသွားသည့် အမျိုးသားသည် ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာရရှိခဲ့ပြီး ဘယ်ဘက်ခြေထောက်လည်း ကျိုးသွားခဲ့ပါသည်။ ယင်းနောက် ၎င်းအပေါင်းအပါဖြစ်သည့် အသက် (၃၄) နှစ်အရွယ် ဦးစိုင်းထက်အောင်နှင့် အသက် (၃၂) နှစ်အရွယ် ဦးအိုက်ပန်ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ စက်တင်ဘာလ (၁၇) ရက်နေ့၌ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့လည်း နမ္မတူမြို့နယ်၊ မန်ဆာကျေးရွာတွင် အမျိုးသား (၁) ဦးသည် ပျက်နေသော လျှပ်စစ်မီးကြိုးအား ပြင်ဆင်နေစဉ် ဓာတ်လိုက်၍ သေဆုံးသွားခဲ့သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းမုကျေးရွာတွင် မီးကြိုးခိုးသည့် အမျိုးသား (၃) ဦးအနက် (၁) ဦး ဓာတ်လိုက်သေဆုံး၊ (၂) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်