နမ္မတူမြို့တွင် ဥပဒေအသိပညာပေးဆိုင်ရာပရိုဂရမ် (Legal Education & Awareness Program - LEAP) မှ ဦးဆောင်ပြီး ယာဥ်စည်းကမ်းနှင့် လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး သင်တန်းပို့ချပြီးစီး
နမ္မတူ၊ အောက်တိုဘာ ၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း ယာဉ်အန္တရာယ်လျှော့ချနိုင်ရေးအတွက် တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ (Ta’ang Legal Aid Foundation - TLAF) ၏ ဥပဒေအသိပညာပေးဆိုင်ရာပရိုဂရမ် (Legal Education and Awareness Program - LEAP) မှ ဦးဆောင်၍ နမ္မတူမြို့တွင် စက်တင်ဘာလ (၂၈) ရက်နေ့မှ (၂၉) ရက်အထိ ယာဥ်စည်းကမ်းနှင့် လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးသင်တန်း ပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ ပြည်သူလူထု (၃၁) ဦးတက်ရောက်ခဲ့ကြပြီး ယာဥ်စည်းကမ်းနှင့် လမ်းစည်းကမ်းဆိုင်ရာ အသိပညာများ ပို့ချပေးခြင်းနှင့်အတူ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါသည်။ ထို့ပြင် LEAP အဖွဲ့မှ ဦးဆောင်ပြီး သင်တန်းတက်ရောက် သူများက နမ္မတူမြို့အတွင်းရှိ လူစည်ကားရာနေရာများသို့ သွားရောက်၍ ပြည်သူ (၂၀၀) ဦးကျော်ထံ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးနိုင်ခဲ့သည်။

ယခုသင်တန်းကို တအာင်းပြည်အတွင်းရှိ မိဘပြည်သူများ တရားဥပဒေစိုးမိုးရေးဆိုင်ရာအသိပညာနှင့် ဥပဒေရေးရာအချက်အလက်များကို လက်လှမ်းမှီစေရန်၊ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများကို နားလည်သဘောပေါက်စေရန်နှင့် ယာဥ်အန္တရာယ်လျှော့ချနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၂၅) ရက်နေ့လည်း နမ့်ခမ်းမြို့ရှိ ပြည်သူလူထု (၁၀၀) ဦးကျော်ထံ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် တရားဥပဒေစိုးမိုးရေးလက်လမ်းစောင်များ ဖြန့်ဝေပေးနိုင်ခဲ့သည်။

၎င်းသင်တန်းနှင့်ပတ်သက်၍ လက်ရှိတွင် နမ့်ခမ်းနှင့် နမ္မတူမြို့တွင် အသိပညာပေးလုပ်ငန်းများ ပြုလုပ်နိုင်ခဲ့ပြီး ရှေ့လုပ်ငန်းစဥ်အနေဖြင့် နမ့်ဆန်မြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့နှင့် မိုင်းငေါ့မြို့များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ