တအာင်းပြည်ပညာရေးကောင်စီမှ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်မူဝါဒဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ကျင်းပပြီးစီး
နမ့်ဆန်၊ အောက်တိုဘာလ ၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်ပညာရေးကောင်စီ - TLEC သည် ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်နေ့နှင့် (၁၈) ရက်နေ့တွင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်မူဝါဒဖွံ့ဖြိုးရေး (Supply Chain Policy Development Workshop ) ကို TLEC ရုံးချုပ်၌ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို Supply Chain Policy အပေါ် ဝန်ထမ်းများ၏ နားလည်သဘောပေါက်မှုကို မြှင့်တင်ပြီး လုပ်ငန်းခွင်အတွင်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် စနစ်ကျမှု ပိုမိုခိုင်မာလာစေရန်၊ ဝန်ထမ်းများ၏ တာဝန်နှင့် အခန်းကဏ္ဍများကို ရှင်းလင်းစွာ နားလည်နိုင်စေရန်နှင့် ရရှိနိုင်သော အရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန် အတွေ့အကြုံနှင့် အမြင်များကို အပြန်အလှန်မျှဝေဆွေးနွေးခဲ့ပါသည်။

ထို့အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် TLEC ၏ Supply Chain Management Policy မူကြမ်းကို အတည်ပြုနိုင်ခဲ့သည့်အပြင် ဝန်ထမ်းများ အသုံးပြုနေသော Procurement Formats/Forms များကိုလည်း ပိုမိုရှင်းလင်းလွယ်ကူပြီး လက်တွေ့အသုံးချရာတွင် ထိရောက်မှုရှိစေရန် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ခဲ့ပါသည်။
ယင်းဆွေးနွေးပွဲကို တအာင်းပြည် ပညာရေးကောင်စီ၏ ဥက္ကဌ၊ အတွင်းရေးမှူးများ၊ ဒါရိုက်တာ အဖွဲ့များနှင့် ရုံးချုပ်မှဝန်ထမ်းများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ