2196

နမ့်ဆန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
03 October 2026

နမ့်ဆန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်


နမ့်ဆန်၊ အောက်တိုဘာလ ၃ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ဆန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများမှ အောက်တိုဘာလ (၁) ရက်နေ့၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးရေးနှင့် လိင်ပိုင်းဆိုင်ရာ အသိပညာပေး ပြုလုပ်သွားမည့်အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

 

ထို့ပြင် ကလေးငယ်များအား ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးနိုင်ရေးနှင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် တက်ရောက်လာကြသည့် တာဝန်ရှိသူများ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

 

၎င်းဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်ခေါပ်ပြာ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေး (၂၂) ဦး တက်ရောက်ခဲ့ပါသည်။ 

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လူမှုဘဝ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်နှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်