2210

မန်လုံးကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ ကျပ်သိန်း‌ပေါင်း မီးလောင်ဆုံးရှုံး

ဒေသတွင်းသတင်း / ဒေသတွင်း
06 October 2026

မန်လုံးကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ ကျပ်သိန်း‌ပေါင်း မီးလောင်ဆုံးရှုံး

နမ့်ဆန်၊ စက်တင်ဘာ ၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ မန်လုံးကျေးရွာတွင် မီးကြိုးရှော့ခ်ဖြစ်ပွားရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း မီးလောင်ဆုံးရှုံးသွားခဲ့ပါသည်။




ဖြစ်စဉ်တွင် အောက်တိုဘာလ (၄) ရက်နေ့ နံနက် (၆း၀၀) နာရီအချိန်၌ ဦးအိုက်ရွှေ၏ နေအိမ်သည် မီးကြိုးရှော့ခ်ဖြစ်ပွားရာမှ တဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။




အဆိုပါမီးလောင်မှုကြောင့် ရွှေဆွဲကြိုး (၃) ချောင်း၊ ရွှေဆွဲသီး (၃) ခု၊ လက်စွပ် (၅) ကွင်း၊ ကျောက်စိမ်းပါလက်စွပ် (၂) ကွင်း၊ ဟန်းချိန်း (၃) ခု၊ နားကပ် (၁) စုံ၊ ကျောက်စိမ်းနှင့် နီလာ (၂) ဗူး၊ ငွေသား ကျပ်သိန်း (၃၀) ကျပ်၊ အခြားစားသောက်ကုန်နှင့် ပစ္စည်းများအားလုံး မီးလောင်ပျက်စီးသွားခဲပါသည်။




ထို့မီးလောင်နေစဉ်အတွင်း ကျေးရွာတာဝန်ရှိသူနှင့် ပြည်သူလူထုများက ပူးပေါင်း၍ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက် (၇:၃၀) နာရီအချိန်တွင်  မီးကို ငြိမ်းသတ်နိုင်ခဲ့သည်။

မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ပြည်သူတစ်ဦးချင်းစီက အသိ၊ သတိရှိရှိဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မီးလောင်မှုဖြစ်ပွားပါကလည်း မီးမပြန့်ပွားမီ နီးစပ်ရာ မီးသတ်တပ်ဖွဲ့ထံသို့ အမြန်ဆုံးအကြောင်းကြားပြီး မီးငြိမ်းသတ်ရေးလုပ်ငန်းများတွင် တတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပေးထားပါသည်။


Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်လုံးကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ ကျပ်သိန်း‌ပေါင်း မီးလောင်ဆုံးရှုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်