2257

PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနမှ အောက်တိုဘာလအတွင်း ကျေးရွာပေါင်း (၃၆) ရွာကို ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
30 October 2026

PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနမှ အောက်တိုဘာလအတွင်း ကျေးရွာပေါင်း (၃၆) ရွာကို ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့

နမ့်ဆန်၊ အောက်တိုဘာ ၃၀ ရက်
တအာင်းပြည်သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနသည် အောက်တိုဘာလအတွင်း တအာင်းပြည်ရှိ မြို့နယ် (၁၂) မြို့နယ်က ကျေးရွာပေါင်း (၃၆) ရွာမှ ပြည်သူလူထု စုစုပေါင်း (၁၁၄၈) ဦးအား အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့်  မိသားစုဘဝဖွံဖြိုးရေးဆိုင်ရာအသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။


အဆိုပါ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို နမ္မတူမြို့နယ်ရှိ ကျေးရွာ (၄) ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃) ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၅) ရွာ၊  မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၃) ရွာ၊ မိုးကုတ်မြို့နယ်ရှိ ကျေးရွာ (၂)ရွာ၊ ကွက်ခိုင်မြို့နယ်ရှိ ကျေးရွာ (၄) ရွာ၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာ (၅) ရွာ၊ နမ့်ဖက်ကာမြို့နယ်ရှိ ကျေးရွာ (၃) ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၂) ရွာ၊ မိုင်းငေါ့မြို့နယ်ရှိ ကျေးရွာ (၂) ရွာ၊ မိုင်းယော်မြို့နယ်ရှိ ကျေးရွာ (၂) ရွာနှင့် မိုင်းလုံမြို့နယ်ရှိ ကျေးရွာ (၁) ရွာတို ဖြစ်ကြသည်။



ယင်းမြို့နယ်ရှိ ပြည်သူလူထုများအား အမျိုးသမီးစောစီးစွာအိမ်ထောင်ပြုခြင်း၊ အမျိုးသမီးနှင့် အမွေဆက်ခံခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ မိသားစုစီမံကိန်း၊ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးနှင့် ပညာရေး၊  မျိုးဆက်သစ်ပွားကျန်းမာရေး၊ ပျော်ရွင်သော မိသားစု၊ ကလေးလူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ပျော်ရွှင်သောမိသားစုရရှိရေး၊  Online ကျားဖြန့်ဆိုင်ရာအကြောင်းအရာများကို ၎င်းဌာနမှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။



PSLF/TNLA ၏ အမျိုးသမီးဖွင့်ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျှော့ချနိုင်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် လူထုအသိပညာပေးစည်းရုံးရေး၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းများအပြင် အသက်မွေးဝမ်းကျောင်းတိုးတက်ရေးဆိုင်ရာအစီအစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။



ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းလည်း နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂) ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၄) ရွာ၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာ (၇) ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၅) ရွာ၊ နမ့်ဖက်ကာမြို့နယ်ရှိ ကျေးရွာ (၁)၊ ကွက်ခိုင်မြို့နယ်ရှိ ကျေးရွာ (၁) ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၅) ရွာ၊ မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၄) ရွာနှင့် မိုးမိတ်မြိုနယ်ရှိ ကျေးရွာ (၂) ရွာတို့မှ ပြည်သူလူထု စုစုပေါင်း (၉၅၄) ဦးအား အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနမှ အောက်တိုဘာလအတွင်း ကျေးရွာပေါင်း (၃၆) ရွာကို ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်