2325

နမ့်ခမ်းမြို့တွင် ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရောင်းဝယ်သူ အမျိုးသား (၁) ဦးအား တအာင်းပြည် နယ်ထိန်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
23 November 2026

နမ့်ခမ်းမြို့တွင် ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရောင်းဝယ်သူ အမျိုးသား (၁) ဦးအား တအာင်းပြည် နယ်ထိန်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

 

နမ့်ခမ်း၊ နိုဝင်ဘာ ၂၃ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ခမ်းမြို့နယ် လွယ်လှိုင်ကျေးရွာတွင် ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်အတူ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား(၁)ဦးကို တအာင်းပြည်နယ်ထိန်းရဲတပ်ဖွဲ့မှ​ ဖမ်းဆီးရမိခဲ့ပါသည်။

 

ဖြစ်စဉ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ (၄း၂၀) နာရီအချိန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် နယ်ထိန်းရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အသက် (၇၀) နှစ်အရွယ် ဦးစိန်ဝင်း၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံအတွင်းမှ​ ယာမ (၂၃၈၉၂.၂) ဂရမ်၊ ဘိန်းမည်းအဆီခဲ (၄၃.၇) ဂရမ်၊ ဘိန်းမည်းအဆီရည် (၂၆၈၄.၇) ဂရမ်၊ ICE (၁၀၃၂.၅) ဂရမ်နှင့် အခြားဆက်စပ် သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ (၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ မန်တုံမြို့နယ်နှင့် မိုင်းလုံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂) ဦး နှင့်  ရောင်းဝယ်သူ (၂) ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတိုကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရောင်းဝယ်သူ အမျိုးသား (၁) ဦးအား တအာင်းပြည် နယ်ထိန်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်