1208

စစ်ကောင်စီတပ်မှ ဇွန်လ (၂၅)ရက် တစ်ရက်အတွင်း နောင်ချိုမြို့နယ်တိုက်ပွဲတွင် ဒရုန်းဖြင့် ဗုံး (၂၈)လုံးနှင့် လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်

သတင်း / နိုင်ငံရေး
26 June 2025

စစ်ကောင်စီတပ်မှ ဇွန်လ (၂၅)ရက် တစ်ရက်အတွင်း နောင်ချိုမြို့နယ်တိုက်ပွဲတွင် ဒရုန်းဖြင့် ဗုံး (၂၈)လုံးနှင့် လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်

နောင်ချို၊ ဇွန်လ ၂၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ ဇွန်လ (၂၅)ရက်တစ်ရက်အတွင်း နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနှင့် နောင်ဖာကျေးရွာတို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း  စစ်ကောင်စီတပ်မှဒရုန်းဖြင့် ဗုံး (၂၈)လုံးနှင့် လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။

နောင်လင်ကျေးရွာတွင် ယမန်နေ့ ဇွန်လ (၂၅)ရက်နေ့ စစ်ကောင်တပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၁၄)လုံးနှင့် လက်နက်ကြီး (၅၄)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။

အလားတူ နောင်အောကျေးရွာတွင်လည်း စစ်ကောင်တပ်နှင့်
တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဗုံး (၇)လုံးနှင့် လက်နက်ကြီး (၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီတပ်သည် လုံစံကျေးရွာကိုလည်း ဒရုန်းဖြင့် ဗုံး (၄)လုံးနှင့် လက် နက်ကြီး (၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အုမ္မခါးကျေးရွာဘက်လည်း ဒရုန်းဖြင့် ဗုံး (၃) လုံး ကြဲချခဲ့ပါသည်။

ပြီးခဲ့သည့် ဇွန် (၂၄)ရက်နေ့လည်း နောင်ချိုမြို့နယ် နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြား စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် -TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၁၃၀)လုံး၊ ဒရုန်းဖြင့် ဗုံး (၆၀)လုံးနှင့် လက်နက်ကြီး (၅၃)လုံးပစ်ကူခိုက်တိုက်ခိုက်ခဲ့ပါသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်
တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ဘဲတစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် (၁)လသက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင်တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီတပ်မှ ဇွန်လ (၂၅)ရက် တစ်ရက်အတွင်း နောင်ချိုမြို့နယ်တိုက်ပွဲတွင် ဒရုန်းဖြင့် ဗုံး (၂၈)လုံးနှင့် လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်