1213

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

သတင်း / နိုင်ငံရေး
27 June 2025

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား


နောင်ချို၊ ဇွန်လ ၂၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနှင့် နောင်လင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၀)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။


ဖြစ်စဥ်တွင် ယမန်နေ့၌ နောင်လင်းကျေးရွာနှင့် နောင်ဖာကျေးရွာကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်သည်လက်နက်ကြီး (၃၉)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်

နေအိမ် (၁)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။


အလားတူ ဉာဏ်တောကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃၁)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၅)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။


ပြီးခဲ့သည့် ဇွန်လ (၂၅)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိနောင်လင်၊ နောင်အော၊ လုံစံနှင့် နောင်ဖာကျေးရွာတို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၂၈)လုံးနှင့် လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။


ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်       နိုင်ရေးအတွက်

တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ဘဲတစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် (၁)လသက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့်နောင်ချိုမြို့နယ်တွင်တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျှက်ရှိသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်