1235

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၄)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား

သတင်း / နိုင်ငံရေး
02 July 2025

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၄)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား 

 

နောင်ချို၊ ဇူလိုင်လ ၂ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၃) နယ်မြေ၊  နောင်ချိုမြို့နယ်ရှိ အုမ္မခါး၊ မျက်ချီးနု၊ လုံစံနှင့် ကျောက်တောကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

 

ဖြစ်စဥ်တွင် ယမန်နေ့ ဇူလိုင်လ (၁)ရက်နေ့ အုမ္မခါးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေအချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂) လုံးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ထိုအပြင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နောင်လင်ကျေးရွာတွင် လက်နက်ကြီး (၃၅)လုံး၊ ဒရုန်းဖြင့် ဗုံး (၂၃)လုံး၊  နားမုံနှင့် ရွှေပြည်ညွှန့်ကျေးရွာတွင် လက်နက်ကြီး(၄)လုံး၊ ကျောက်ကြမ်းကျေးရွာတွင် လက်နက်ကြီး (၂)လုံးနှင့် ကသဲမျှောင်ကျေးရွာတွင် လက်နက်ကြီး (၂)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ 

 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်  သုံးဆယ်ကျေးရွာဘက်ကို လေကြောင်းဖြင့် ဗုံး (၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံးပြီး  (၁) ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၂) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်းလည်း ထိမှန်ပျက်စီးခဲ့သည်။ 

 

ပြီးခဲ့သည့် ဇွန်လ (၃၀)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ မျက်ချီးနုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုနောက်တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အုမ္မခါး၊ လုံစံ၊ ကသဲမျှောင်နှင့် နောင်လင်ကျေးရွာတို့ကို လက်နက်ကြီး (၄၆)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက် နာဆောင်ရွက်ရန်လိုအပ်ပါသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၄)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်