1236

ကွတ်ခိုင်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၂)ဦး ဖမ်းဆီးရမိ

သတင်း
03 July 2025

ကွတ်ခိုင်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၂)ဦး ဖမ်းဆီးရမိ


ကွတ်ခိုင်၊ ဇူလိုင်လ ၃ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နောင်ကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့တွင် နံနက် (၉း၀၀)နာရီအချိန်တွင် ဦးအိုက်နိုင်နှင့် ဦးအေပတ် သည် မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သတင်းရရှိကာ ၎င်း၏နေအိမ်ကို မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ပါသည်။


အဆိုပါ ဦးအိုက်နိုင်ထံ မူးယစ်ဆေးဝါး (၁)ဂရမ်နှင့် ဦးအေပတ်ထံ မူးယစ်ဆေးဝါး (၂)ဂရမ်တို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် သည်။


ပြီးခဲ့သည့် ဇွန်လ (၂၆)ရက်နေ့တွင် PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မန်တုံမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၂)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်