1324

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၇)လုံးပျက်စီး

သတင်း / နိုင်ငံရေး
18 August 2025

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၇)လုံးပျက်စီး


သီပေါ၊ သြဂုတ်လ ၁၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)ကြိမ် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၇)လုံး ပျက်စီးသွားခဲ့ပါသည်။


ယနေ့ နံနက် (၉း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် သီပေါမြို့၊ အနောက်ရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်တွင် ပြည်သူလူထုရှိရာသို့ ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အနောက်ရပ်ကွက်တွင် နေထိုင်သည့် အသက် (၆၀)အရွယ်ရှိ ဦးဂျမာပိုင်၊ အသက် (၃၀)ဝန်ကျင် ဒေါ်ချိုချိုစိန်နှင့် အသက် (၃၀)အရွယ်ရှိ ဒေါ်ရွှေရည်ဝင်းတို့ ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး၊ နေအိမ် (၅)လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့သည်။ အလားတူ တောင်မြို့ရပ်ကွက်တွင်လည်း နေအိမ် (၂) လုံး ပျက်စီးခဲ့ပါသည်။


ပြီးခဲ့သည့် သြဂုတ်လ (၃) ရက်နေ့နှင့် (၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပြည်သူလူထုရှိရာ သီပေါမြို့ကို ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်။ 


စစ်ကောင်စီတပ်သည် ယခုလအတွင်း လေကြောင်းဖြင့် မိုးကုတ်မြိုတွင် (၃)ကြိမ်၊ ကျောက်မဲမြိုနယ်တွင် (၂)ကြိမ်၊ သီပေါမြိုတွင် (၃)ကြိမ်ဖြင့် ဗုံးများကြဲချမှုကြောင့် ကလေး (၃)ဦး၊ သံဃာတော် (၂)ပါး၊ အမျိုးသမီး (၁၇)ဦးနှင့် အမျိုးသား (၁၆)ဦး သေးဆုံးခဲ့ရပြီး သံဃာတော် (၁)ပါး၊ အမျိုးသမီး (၉)ဦးနှင့် အမျိုးသား (၂၀)ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၄၉)အိမ်၊ အဆောက်အဦး (၁)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ကား (၄)စီး၊ ဆိုင်ကယ် (၃)စီးတို့လည်း ထိမှန်ပျက်စီးခဲ့ပါသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၇)လုံးပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်