1325

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ဗုံးများ ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၁) ဦးအပါအဝင် ပြည်သူလူထု (၂)ဦးသေဆုံးပြီး နေအိမ်(၃)အိမ် ပျက်စီး

သတင်း / နိုင်ငံရေး
18 August 2025

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏  ဗုံးများ ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၁) ဦးအပါအဝင် ပြည်သူလူထု (၂)ဦးသေဆုံးပြီး နေအိမ်(၃)အိမ် ပျက်စီး 


မိုးကုတ်၊ ဩဂုတ်လ ၁၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၁)ဦးအပါအဝင် ပြည်သူလူထု (၂)ဦး သေဆုံးခဲ့ပြီး နေအိမ်(၃)အိမ် ထိမှန်ပျက်စီးခဲ့ ပါသည်။ 


ဖြစ်စဥ်တွင် ယနေ့ နံနက် (၉း၀၀)နာရီအချိန်၌ မိုးကုတ်မြို့အရှေ့ပိုင်း၊ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအနီးတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။ ထိုဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့်  ကလေးငယ်(၁)ဦး နှင့်အမျိုးသား(၂)ဦး သေဆုံးခဲ့ပြီး နေအိမ်(၃)အိမ်နှင့် လေထပ်ဆောင်အဆောက်အအုံ(၁)လုံး ဗုံးစထိမှန် ပျက်စီးခဲ့သည်။


အလားတူ ပြီးခဲ့သည့် ဩဂုတ်လ(၁၅)ရက်နေ့တွင်လည် မိုးကုတ်မြို့အရှေ့ပိုင်းအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပြည်သူလူထုများတည်ရှိရာကို လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂၁)ဦးသေဆုံးခဲ့ပြီး (၇)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၁၅)အိမ်ထိမှန်ပျက်စီးခဲ့ပါသည်။


စစ်ကောင်စီတပ်သည် ယခုလအတွင်း လေကြောင်းဖြင့် မိုးကုတ်မြို့တွင် (၃)ကြိမ်၊ ကျောက်မဲမြို့နယ်တွင် (၂)ကြိမ်၊ သီပေါမြို့တွင် (၂)ကြိမ်ဖြင့် ဗုံးများကြဲချမှုကြောင့် ကလေး (၃)ဦး၊ သံဃာတော် (၂)ပါး၊ အမျိုးသမီး (၁၇)ဦးနှင့် အမျိုးသား (၁၆)ဦး သေးဆုံးခဲ့ရပြီး သံဃာတော် (၁)ပါး၊ အမျိုးသမီး (၇)ဦးနှင့် အမျိုးသား (၁၉)ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၄၂)အိမ်၊ အဆောက်အဦး (၁)လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ကား (၄)စီး၊ ဆိုင်ကယ် (၃)စီးတို့လည်း ထိမှန်ပျက်စီးခဲ့ပါသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ဗုံးများ ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၁) ဦးအပါအဝင် ပြည်သူလူထု (၂)ဦးသေဆုံးပြီး နေအိမ်(၃)အိမ် ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်