1329

မန်တုံမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး

သတင်း
20 August 2025

မန်တုံမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး


မန်တုံ၊ ဩဂုတ် ၂၀ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မန်တုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးအား အကျင့်စာရိတ္တပြုပြင်ပေးပြီး သြဂုတ်လ (၁၈)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။


အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူတို့ကို PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပြီး ၎င်းတို့သည် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်ကြပါသည်။ 




မူးယစ်ဆေးဝါးသုံးစွဲသူများသည် ပထမအကြိမ်တွင် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ ပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ ပြစ်ဒဏ်ခံရမည်ဖြစ်သည်။


ပြီးခဲ့သည့် ဇွန်လ (၂၁)ရက်နေ့လည်း နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၂၉)ဦးအား အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးပြီးဖြစ်ပါသည်။


၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများပြားခဲ့ပြီး ယခု PSLF/TNLA အုပ်ချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်