2047

တအာင်းပြည်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်သူလူထုများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးသွား

သတင်း
10 August 2026

တအာင်းပြည်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်သူလူထုများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးသွား 

 

နမ့်ဆန်၊ သြဂုတ် ၁၀ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ္မတူ၊ နမ့်ခမ်းနှင့် မိုင်းလုံမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ပြည်သူလူထုစိုက်ပျိုးထားသည့်သီးနှံများ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။

 

နမ္မတူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာကာ ပြည်သူလူထုများ၏ လယ်ယာနှင့် ပြောင်းဖူးခြံများ ရေလွှမ်းမိုးခြင်းခံခဲ့ရပါသည်။ ၎င်းနောက် နမ္မတူနှင့် မိုင်းဘော်သို့ ဆက်သွယ်ထားသည့် နမ့်ရီးတံတားလည်း ရေနစ်မြှုပ်သွားခဲ့ပြီး နမ္မတူ-မန်တုံမြို့သို့ သွားသည့်လမ်းမကြီးသော်လည်းကောင်း၊ မန်တုံ-မိုးမိတ်မြို့သို့ သွားသည့်လမ်းမကြီးသော်လည်းကောင်း ပျက်စီးသွားခဲ့ပါသည်။

 



အလားတူ နမ့်ခမ်းမြို့နယ်လည်း ရွှေလီမြစ်ရေမြင့်တက်လာ‌သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားရာမှ ပြည်သူလူထုများစိုက်ပျိုးထားသည့် ဖရဲသီးခြံ၊ ကြံခင်းနှင့် အခြားသီးနှံများလည်း ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။

 



ယခုရက်သတ္တပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း‌နေသောကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုများအနေဖြင့် မြေပြိုမှုဖြစ်ပွားနိုင်သည့်နေရာနှင့် ရေကြီးရေလျှံဖြစ်ပွားနိုင်သည့်နေရာများတွင် သွားလာရှောင်ရှားကြရန်နှင့် အထူးသတိပြုကြရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။  


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်သူလူထုများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးသွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်