ချောင်းရေတိုက်စားမှုကြောင့် မန်တုံမြို့နယ်ကို ဓာတ်အားလိုင်းပေးနေသည့် လျှပ်စစ်ဓာတ်တိုင်တစ်တိုင် လှဲကျသဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ခဲ့
နမ့်ဆန်၊ သြဂုတ် ၁၀ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်တုံမြို့နယ်ကို ဓာတ်အားလိုင်းပေးနေသည့် လျှပ်စစ်ဓာတ်တိုင်တစ်တိုင်သည် ချောင်းရေတိုက်စား၍ လှဲကျသဖြင့် PSLF/TNLA၏ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သြဂုတ်လ (၈) ရက်နေ့ ညနေ (၄း၃၀) နာရီအချိန်၌ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့သည်။
အဆိုပါဓာတ်အားလိုင်းသည် နမ္မတူမြို့မှ မန်တုံမြို့နယ်ကို ဆက်သွယ်ပေးထားသော (၃၃) ကေဗီရှိ လျှပ်စစ်ဓာတ်အားလိုင်းဖြစ်ပြီး ယခုရက်တစ်ပတ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဓာတ်တိုင်လှဲကျသွားခြင်းဖြစ်ပါသည်။ ၎င်းဓာတ်တိုင်လှဲကျမှုကြောင့် မြို့နယ်အတွင်း လျှပ်စစ်မီးပျက်တောက်သွားခဲ့ပြီး မီးပြန်လည်ရရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆုံးဆောင်ရွက်နိုင်ခဲ့ပါသည်။

ပြည်သူလူထုများအနေဖြင့် ရေတိုက်စားမှုသော်လည်းကောင်း၊ သစ်ပင်လှဲကျသော်လည်းကောင်း ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဓာတ်တိုင်များသည် ပုံမှန်အခြေအနေမဟုတ်လျှင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အမြန်ဆုံးအကြောင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အလားတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ်လ (၅)ရက်နေ့ ညနေ (၅း၀၀) နာရီဝန်းကျင်၌ မန်တုံမြို့နယ်၊ နမ့်ခုံကျေးရွာကို ဖြန့်ဖြူးပေးနေသော လျှပ်စစ်ဓာတ်အားလိုင်းတိုင်များပေါ်တွင် သစ်ပင်လှဲကျသဖြင့် တာဝန်ရှိသူများက အမြန်းဆုံးသွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ