861

တအာင်းပြည်ပညာရေးကောင်စီ (TLEC)မှ လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လိုအပ်နေသောဆရာ/မများ ခေါ်ယူသွားမည်

ဒေသတွင်းသတင်း
22 February 2025

တအာင်းပြည်ပညာရေးကောင်စီ (TLEC)မှ  လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လိုအပ်နေသောဆရာ/မများ ခေါ်ယူသွားမည်

တအာင်းပြည်၊ ဖေဖော်ဝါရီလ ၂၂ရက်

တအာင်းပြည်ပညာရေးကောင်စီ (TLEC)သည် တအာင်းပြည်အတွင်းရှိ  အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လိုအပ်နေသောဆရာ/မများ ခေါ်ယူသွားမည်ဖြစ်သည်။





TLECသည်  ပညာရေးအတွက် အရည်အချင်းပြည့်ဝသည့် ဆရာ/မ များစွာလိုအပ်နေသောကြောင့်  မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပညာရေးဌာနမှ  CDM ပြုလုပ်ထားသည့် ဆရာ/မ (၅၀၀)ဦးနှင့် TLEC တွင် တာဝန်မထမ်းဆောင်ရသေးသည့် ဆရာ/မ အသစ် (Preservice teacher) (၁၀၀၀) ဦး ခေါ်ယူခန့်အပ်သွားမည်ဖြစ်သည်။


၂၀၂၂-၂၀၂၃ပညာသင်နှစ်မှစတင်ပြီး ပညာရေးကို အကောင်အထည်ဖော်ဆောင်လာခဲ့သည့် TLECသည်  တအာင်းပြည်အတွင်းရှိ ကျောင်းနေအရွယ် ကျောင်းသူ/သားများ၏ ပညာရေးအခွင့်အလမ်းရရှိစေပြီး အရည်အသွေးပြည့်မီသည့် ပညာရေးစနစ်ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေရန်ဖြစ်သည်။


၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၀၀)ကျော်၊ ကျောင်းသူ/သား (၆၆၀၀၀)ကျော်နှင့် ဆရာ/မ (၃၅၀၀)ကျော်ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်လည်း ကျန်ရှိနေသည့်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း (၇၀၀) ကျော် ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်နေပါသည်။

    
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ပညာရေးကောင်စီ (TLEC)မှ လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လိုအပ်နေသောဆရာ/မများ ခေါ်ယူသွားမည်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်