နမ့်ဆန်ခရိုင်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၄၃)ဦးအား PSLF/TNLAမှအကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး
နမ့်ဆန်၊ ဧပြီလ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါးသုံးစွဲသူ (၄၃) ဦးအား အကျင့်စာရိတ္တပြုပြင်ပေးပြီး ဧပြီလ (၉)ရက်တွင်ပြန်လွှတ်ပေးခဲ့သည်။
နမ့်ဆန်ခရိုင်အတွင်းရှိသော နမ့်ဆန်မြို့နယ်မှ မူးယစ်ဆေးသုံးစွဲသူ (၂၅)ဦး၊ မန်တုံမြို့နယ်မှ မူးယစ်ဆေးသုံးစွဲသူ (၅)ဦးနှင့် သီပေါမြို့နယ်မှ မူးယစ်ဆေးသုံးစွဲသူ (၁၃)ဦးတို့ကို PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့သည်။
၎င်းတို့သည် မြို့နယ်အသီးသီးက တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးသုံးသူများဖြစ်ကြသလို ၎င်းတို့၏မိဘအုပ်ထိန်းသူကိုယ်တိုင် အကျင့်စာရိတ္တပြုပြင်ပေးရန် လာရောက်အပ်နှံသည့်သူများလည်းရှိကြပါသည်။
မူးယစ်ဆေးဝါးသုံးစွဲသူများသည် ပထမအကြိမ်တွင် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာပြစ်ဒဏ်ခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်း မိုးကုတ်မြို့နယ်မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ဦးနှင့် မိုးမိတ်မြို့နယ်မှ (၃၅) ဦးတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။
၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ တအာင်းပြည်အတွင်းမူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ယခု PSLF/TNLAအုပ်ချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ မူးယစ်ဆေးဝါးရောင်းဝယ်နှင့် သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ