1020

တအာင်းပြည်ရှိ မြို့နယ်(၃)မြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၁၃)ဦးတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
26 April 2025

တအာင်းပြည်ရှိ မြို့နယ်(၃)မြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၁၃)ဦးတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

တအာင်းပြည်၊ ဧပြီလ၂၆ရက်

ပလောင်ပြည်နယ်လွတ်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နမ္မတူ၊ ကွတ်ခိုင်နှင့် သီပေါမြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၁၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။

နမ္မတူမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ (၁)ရက်မှ (၂၂)ရက်အတွင်း မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများမှ ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့်
သုံးစွဲသူ (၉)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

ပြီးခဲ့သည့် ဧပြီလ(၁၈)ရက်မှ (၂၂)ရက်အတွင်း ကွတ်ခိုင်မြို့နယ်တွင်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၂)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းတို့ထံ ဘိန်းဖြူ ဆပ်ပြာခွက် (၁)ခွက်နှင့် (၂၅)ဂရမ်၊ ယာမစိတ်ကြွဆေးပြား
အလုံးရေ (၃ဝဝဝ)လုံးနှင့်အတူ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းအများအပါအဝင် ဖမ်းဆီးရမိခဲ့သည်။

အလားတူ သီပေါမြို့နယ်လည်း ပြီးခဲ့သည့် ဧပြီလ (၁၃)ရက်မှ (၁၈)ရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ
(၂)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
PSLF/TNLAတပ်ဖွဲ့မှ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် (၆)လကြာပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ရောင်းဝယ်သူများကို ထောင်အတွင်း ထိန်းသိမ်းထားမည်ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ရှိ မြို့နယ်(၃)မြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၁၃)ဦးတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်