1023

ကောင်းနိမ့်ကျေးရွာကို PSLF/TNLA ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူလူထုများနှင့် တွေ့ဆုံ

ဒေသတွင်းသတင်း / ဒေသတွင်း
28 April 2025

ကောင်းနိမ့်ကျေးရွာကို PSLF/TNLA ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူလူထုများနှင့် တွေ့ဆုံ

မန်ကျယ်၊ ဧပြီလ ၂၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ မန်ကျယ်မြို့နယ်၊ကောင်းနိမ်ကျေးရွာတွင် ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့မှဦးဆောင်ပြီး ပြည်သူလူထုများနှင့် ဧပြီလ (၂၃)ရက်တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို မုံဟွမ်‌၊ ကောင်းပိုက်၊ လုံကမ်၊ လွယ်ကျော်၊ မန်လာ၊ မန်လုံ၊ကြူမိန်း၊ မန်ကောင်း၊ မန်ဝိန်းနှင့်မုန်းယားကျေးရွာတို့၏ ပြည်သူလူထုများမှ လာရောက်ဆွေးနွေးခဲ့သည်။





ကွတ်ခိုင်ခရိုင်ရဲမှူး ဗိုလ်မှူးတားအလူမှ တအာင်းပြည်ရဲတပ်ဖွဲ့၏ ဥပ‌ဒေနှင့် စည်းမျည်းစည်းကမ်းများကို ရှင်းလင်းတင်ပြခဲ့ပြီး လုယှက်မှု၊ ခိုးမှု၊ လူသတ်မှု၊ မုဒိန်းမှု၊ ခြိမ်းခြောက်မှု၊ လိမ်လည်မှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးမှု စသည့်တို့ကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ပါသည်။




အဆိုပါကျေးရွာအတွင်း ထိုပြဿာနာများမဖြစ်ပွားစေရန်အတွက် တအာင်းပြည် ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများတို့ ဝိုင်းဝန်းပူးပေါင်းပြီး အတူတကွလုပ်ဆောင်သွားရမည်ဖြစ်သည်။ ၎င်းတွေ့ဆုံပွဲကို   ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဥက္ကဌများနှင့်‌ ဒေသခံများအပါအဝင် စုစုပေါင်းလူဦးရေ (၁၅ဝ)ဦး တက်ရောက်ခဲ့ပါသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကောင်းနိမ့်ကျေးရွာကို PSLF/TNLA ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူလူထုများနှင့် တွေ့ဆုံ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်