1024

မိုးမိတ်နှင့် မိုင်းဝီးမြို့နယ်တွင် နေအိမ်မီးလောင်မှုကြောင့် ကျပ်သိန်ပေါင်း (၃ဝဝ)ကျော် မီးလောင်ဆုံးရှုံးသွား

ဒေသတွင်းသတင်း / ဒေသတွင်း
28 April 2025

မိုးမိတ်နှင့် မိုင်းဝီးမြို့နယ်တွင် နေအိမ်မီးလောင်မှုကြောင့် ကျပ်သိန်ပေါင်း (၃ဝဝ)ကျော် မီးလောင်ဆုံးရှုံးသွား

တအာင်းပြည်သတင်း၊ဧပြီလ ၂၈ရက်

တအာင်းပြည်၊ မိုးမိတ်နှင့် မိုင်းဝီးမြို့နယ်တို့တွင် နေအိမ် (၃)လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး  စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်ပေါင်း (၃ဝဝ)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်၊ မန်ပူးကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ (၂၆)ရက် ည (၇း၃ဝ)အချိန်တွင် ဦးယိုင်ဝေါင်းသည် နေအိမ်အတွင်း မီးမွေးထားရာမှ အပြင်သွားနေစဥ် နေအိမ်စတင်လောင်သွားခဲ့ပါသည်။




ထို့နေအိမ်မှတစ်ဆင့် ဘေးအိမ်ရှိ ဦးညီဦး၏ နေအိမ်ကိုလည်း မီးကူးသွားကာ နေအိမ်မီးလောင်သွားခဲ့ပါသည်။ ၎င်းနေအိမ်အတွင်းပစ္စည်းများအားလုံး၏ စုစုပေါင်းကာလတန်ဖိုးသည် ကျပ်သိန်း (၁ဝဝ)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။





အလားတူ မိုးကုတ်ခရိုင်၊ မိုးမိတ်မြို့၊ လက်ခုတ်တန်းရပ်ကွက်တွင် ပြီးခဲ့သည့် ဧပြီလ (၂၆)ရက်ညနေ (၄း၂ဝ)နာရီအချိန်တွင် ဦးဆိုင်ရိန်၏နေအိမ်ရှိ ဘက်ထရီသည် အပူလွန်ရာမှ နေအိမ်မီးလောင်မှု
ဖြစ်ပွားသွားခဲ့သည်။

ထို့နေအိမ်အတွင်း မီးလောင်သွားသည့် ပစ္စည်းများအားလုံး၏ စုစုပေါင်းဆုံးရှုံးမှုကာလတန်ဖိုးသည် ကျပ်သိန်းပေါင်း (၂ဝဝ)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။





ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်လည်း ကျောက်မဲမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် အမှိုက်များကို မီးရှို့ထားရာမှတစ်ဆင့် ဦးလောစန်း၏နေအိမ်မီးလောင်သွားခဲ့ပါသည်။ ၎င်းမီးလောင်နေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲ့နှင့် ပြည် သူလူထုများက ဝိုင်းဝန်းမီးငြိမ်းသတ်ပေးခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးမိတ်နှင့် မိုင်းဝီးမြို့နယ်တွင် နေအိမ်မီးလောင်မှုကြောင့် ကျပ်သိန်ပေါင်း (၃ဝဝ)ကျော် မီးလောင်ဆုံးရှုံးသွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်