1025

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဧပြီလအတွင်း ကျေးရွာပေါင်း (၂၆)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
29 April 2025

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဧပြီလအတွင်း ကျေးရွာပေါင်း (၂၆)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့


တအာင်းပြည်၊ ဧပြီလ၂၉ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဧပြီလတစ်လအတွင်းကျေးရွာပေါင်း (၂၆)ရွာရှိ ဒေသခံပြည်သူများထံအသိ ပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။





ထို့အသိပညာပေးမှုကွင်းဆင်းရာတွင် မိုးမိတ်မြို့နယ် ကျေးရွာ (၇)ရွာ၊ မိုးကုတ်မြို့နယ် ကျေးရွာ (၁၉)ရွာတို့ဖြစ်ကြပြီး ကျေးရွာရှိ ဒေသခံပြည်သူလူထုစုစု ပေါင်းလူဦးရေ (၁ဝ၅၅) ဦးကို အိမ်တွင်းအကြမ်းဖက်မှုအကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။





PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများ၊အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီး ဆင်းမှုလုပ်ငန်းများချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။





ပြီးခဲ့သည့် မတ်လအတွင်းလည်း သီပေါမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ နမ့်ဆန်မြို့ နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုင်းလုံမြို့ နယ်ရှိ ကျေးရွာစုစုပေါင်း (၅၁)ရွာရှိဒေ သခံစုစုပေါင်း (၂၂၁၈)ဦးအား အသိ ပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဧပြီလအတွင်း ကျေးရွာပေါင်း (၂၆)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်