1036

မူဆယ်တွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးများအလွန်အကျွံသုံးစွဲရာမှ လူသတ်မှုဖြစ်ပွာ

ဒေသတွင်းသတင်း / ဒေသတွင်း
30 April 2025

မူဆယ်တွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးများအလွန်အကျွံသုံးစွဲရာမှ လူသတ်မှုဖြစ်ပွား


မူဆယ်၊ ဧပြီလ ၃ဝရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးများအလွန်အကျွံသုံးစွဲရာမှ လူသတ်မှုဖြစ်ပွားသွားခဲ့သည်။


ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ (၂၃)ရက် နေ့လယ် (၂းဝဝ)နာရီအချိန်တွင် အသက် (၃၁)နှစ်အရွယ် ဦးဇော်မျိုးအောင်သည် မူးယစ်ဆေးဝါးသုံးများစွဲပြီးနောက် ၎င်း၏ အစ်မနှင့် ယောက္ဖတို့စကားများနေချိန် ဝင်တားဆီးရာမှ တားဆီး၍မရသောကြောင့် ယောက္ဖဖြစ်သူကို ဓားဖြင့် ခုတ်လိုက်သည်။ 


အဆိုပါ ယောက္ဖဖြစ်သူ၏ ဒူးပေါ်တွင် ဓားခုတ်ဒဏ်ရာရရှိခဲ့ပြီး ထိုအခင်းဖြစ်ပွားခဲ့ပြီးနောက် အစ်မဖြစ်သူက တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့သည်။


ပြစ်မှုကျူးလွန်ထားခဲ့သည့် အမျိုးသားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ၎င်းကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


ပြီးခဲ့သည့် ဧပြီလ (၁၁)ရက်လည်း သီပေါမြို့နယ်၊ တုံစင့်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ လူသတ်မှုတစ်ခုဖြစ်ပွားသွားခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မူဆယ်တွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးများအလွန်အကျွံသုံးစွဲရာမှ လူသတ်မှုဖြစ်ပွာ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်