တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၁)လုံးနှင့် လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်
နောင်ချို၊ ဧပြီလ ၂၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၁)လုံးနှင့် လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယနေ့ ဧပြီလ (၂၉)ရက် နံနက် (၈း၀၀)နာရီမှ ညနေ (၃း၄၀)နာရီအထိ အဆိပ်ငွေ့ဗုံးများ လာရောက်ကြဲချခြင်း၊ (၉၀၂)နှင့် (၄၅၃)တပ်စခန်းမှနေ၍ လက်နက်ကြီး (120MM)တို့ဖြင့် ပစ်ခတ်တိုက်ခဲ့ပါသည်။
စစ်ကောင်စီတပ်သည် အပစ်ရပ်စဲရေးကာလကို ဧပြီလကုန်အထိ ထပ်မံတိုးသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို စစ်အင်အားများ ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်များ ပြုလုပ်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ လုပ်ဆောင်နေလျှက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်လည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှလေကြောင်းဖြင့် အဆိပ်ငွေ့ဗုံး (၈)လုံးနှင့် ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ