တအာင်းပြည်တွင် ဧပြီလတစ်လအတွင်း မိုင်းနှင့် လက်နက်ကြီးကြောင့် (၁)ဦးသေဆုံး၊ ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရ
တအာင်းပြည်၊ ဧပြီလ ၃ဝရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်သော မြို့နယ်များတွင် ဧပြီလတစ်လအတွင်း မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကြောင့် (၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သီပေါမြို့နယ်၊ တုံစင့်ကျေးရွာတွင် အသက် (၅ဝ)နှစ်အရွယ် ဦးထွန်းထွန်းဆိုသူသည် ပြီးခဲ့သည့် ဧပြီလ(၁၆)ရက်တွင် စစ်ကောင်စီတပ် ခလရ (၂၃)တပ်စခန်းဟောင်းအတွင်း ငှက်သွားပစ်ရာမှ မိုင်းကိုနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့ပါသည်။
ပြီးခဲ့သည့် ဧပြီလ(၁၈)ရက်လည်း မိုင်းယော်မြို့နယ်၊ လွယ်လင်ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာတွင် မိသားစုဝင် (၂)ဦးသည် နွားလိုက်လံသွားရှာဖွေနေစဉ် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ကောက်ယူဆော့ရာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက်(၄၅)နှစ်အရွယ် ဖခင်ဖြစ်သူ ဦးခမ်းဆာဆိုသူမှ ထို့နေရာပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် (၁၈)နှစ်အရွယ် မိုင်းအောင်ဆာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလာတူး ပြီးခဲ့သည့် ဧပြီလ (၂ဝ)ရက်လည်း နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာတွင် အသက် (၈)နှစ်အရွယ်
မောင်ကြယ်စင်နှင့် အသက် (၅)နှစ်အရွယ် မသီရိရတနာထွန်းဆိုသူ (၂)ဦးသည် ဖခင်နှင့်အတူ ရေချိုးပြီးနောက်အပြန်လမ်းတွင် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာတွင် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာပြင်းထန်မှုရရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လတွင်လည်း ယခင်စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ဒေသခံပြည်သူလူထု (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ