နမ့်ဖတ်ကာတွင် သဲတင်ကားတစ်စီးမှ ဘရိတ်ပေါက်၍ ခရီးသည်တင်ကားတစ်စီးကို ဝင်တိုက်ကာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ
နမ့်ဖတ်ကာ၊ မေလ ၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ နမ့်ဖတ်ကာမြို့နယ်တွင် သဲတင်ကားတစ်စီးသည် ဘရိတ်ပေါက်၍ ခရီးသည်တင်ကားတစ်စီးကို ဝင်တိုက်ရာမှ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် ဧပြီလ (၃၀)ရက် ညနေ (၄:ဝဝ)နာရီအချိန်တွင် နမ့်မောချောင်းကုန်းအဆင်းတွင် ထို့ကားသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ရပ်နေသည့်ခရီးသည်တင်ကားကို ဝင်တိုက်ပြီး တိမ်းမှောက်သွားခဲ့သည်။
ထို့နောက်တွင် သဲတင်ကားမောင်းသူနှင့် လိုက်ပါလာသည့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။
အဆိုပါအခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး သဲတင်ကားမောင်းသူကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်လည်း ထိုနမ့်မောချောင်းတံတားအနီးတွင် မီးသွေးတင်ဆောင်လာသည့် ကားတစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ခရီးသည်တင်ကားတစ်စီးကို ဝင်တိုက်မိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ