1057

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
04 May 2025

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်


နောင်ချို၊ မေလ ၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့ပါသည်။





စစ်ကောင်စီတပ်သည် ယနေ့ ညနေ (၅း၂ဝ)နာရီအချိန် နောင်ချိုမြို့၊ ရပ်ကွက် (၇)တွင် (၁)လုံး၊  ညနေ (၅း၃၀)နာရီအချိန် သုံးဆယ်ကျေးရွာတွင် (၁)လုံး လာရောက်ဗုံးကြဲချခဲ့ပါသည်။


အလားတူ ယမန်နေ့လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်နှင့် ဆင်ခွာကျေးရွာတို့ကို လေကြောင်းဖြင့် ဗုံးများလာရောက်ကြဲချမှုကြောင့် ဒေသခံ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ဓမ္မရုံနှင့် နေအိမ် (၁၆)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။


ပြီးခဲ့သည့် မေလ (၂)ရက်လည်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို လေကြောင်းဖြင့် ပေါင် (၃ဝဝ)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။


စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေပါသည်။


ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင် ရွက်ရန် လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်