PSLF/TNLA၏ ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့မှ မန်ကျယ်မြို့နယ်ရှိ ပြည်သူလူထုများနှင့် ထပ်မံတွေ့ဆုံ
မန်ကျယ်၊ မေလ ၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ PSLF/TNLA၏ ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့မှ မန်ကျယ်မြို့နယ်ရှိ ကျေးရွာ (၉)ရွာမှ ပြည်သူလူထုများနှင့် ထပ်မံတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို မန်နောင်၊ နမ့်ဆမ်ဟူး၊ ကောင်းမူးလိုင်၊ လွယ်ဆာ၊ ဟိုပုံ၊ ပန်ဆပ်၊ ကျော်မြန်း၊ ဆိုင်းခေါင်နှင့်ပန်ဝူးကျေးရွာတို့၏ ပြည်သူလူထုများမှ လာရောက်ဆွေးနွေးခဲ့သည်။
ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ တအာင်းပြည်ရဲတပ်ဖွဲ့၏ ဥပဒေများ၊ စည်းမျည်းစည်းကမ်းများနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး လုယှက်မှု၊ ခိုးမှု၊ လူသတ်မှု၊ မုဒိန်းမှု၊ ခြိမ်းခြောက်မှု၊ လိမ်လည်မှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု စသည့်တို့ကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ပါသည်။
အဆိုပါကျေးရွာအတွင်း ထိုပြဿာနာများမဖြစ်ပွားစေရန်အတွက် တအာင်းပြည် ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများတို့ဝိုင်းဝန်းပူးပေါင်းပြီး အတူတကွလုပ်ဆောင်သွားရမည်ဖြစ်သည်။ ၎င်းတွေ့ဆုံပွဲကို ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဥက္ကဌများနှင့် ဒေသခံများအပါအဝင် စုစုပေါင်းလူဦးရေ (၁၇ဝ)ဦး တက်ရောက်ခဲ့ပါသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်လည်း မုံဟွမ်၊ ကောင်းပိုက်၊ လုံကမ်၊ လွယ်ကျော်၊ မန်လာ၊ မန်လုံ၊ကြူမိန်း၊ မန်ကောင်း၊မန်ဝိန်းနှင့်မုန်းယားကျေးရွာတို့၏ ပြည်သူလူထုများနှင့် ကွတ်ခိုင်ခရိုင်ရဲတပ်ဖွဲ့မှ တွေ့ဆုံဆွေးနွေးပွဲတစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
တအာင်းပြည်မှ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွင် တရားဥပဒေလုပ်ငန်းများရှိစေရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ