သီပေါတွင် အမျိုးသားတစ်ဦးသည် စစ်ကောင်စီလက်ကျန်မိုင်းကို နင်းမိရာမှ ပြင်းထန်ဒဏ်ရာရ
သီပေါ၊ မေလ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ သီပေါမြို့နယ်၊ ကုန်စုံကျေးရွာတွင် အမျိုးသားတစ်ဦးသည် စစ်ကောင်စီလက်ကျန်မိုင်းကို နင်းမိရာမှ ညာဘက်ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် ယနေ့ နေ့လယ် (၁၂း၄၅)အချိန်တွင် အသက်(၃၂)နှစ်အရွယ် ဦးအိုက်လော်ဝ်ဆိုသူသည် ခလရ(၂၃)တပ်စခန်းဟောင်း ခြံစည်းရိုးဘေးတွင် ထင်းသွားခွေရာမှ ယခင်စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းတစ်လုံး နင်းမိခဲ့သည်။
၎င်းအခင်းဖြစ်ပွားခဲ့သည့်နေရာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး လူနာအား ဆေးရုံကုသရန် ပိုဆောင်ပေးခဲ့သည်။
သီပေါမြို့တွင် ပြီးခဲ့သည့် ဧပြီလတွင်လည်း တုံစင်ကျေးရွာတွင် အသက် (၅၀)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ခလရ(၂၃) တပ်စခန်းဟောင်းအတွင်းတွင် ငှက်သွားပစ်ရာမှ မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ