1090

နမ္မတူတွင် လျှပ်စစ်ဝါယာမီး‌ကြိုးရှော့ဖြစ်ရာမှ နေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွာ

ဒေသတွင်းသတင်း / ဒေသတွင်း
13 May 2025

နမ္မတူတွင် လျှပ်စစ်ဝါယာမီး‌ကြိုးရှော့ဖြစ်ရာမှ နေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွား


နမ္မတူ၊ မေလ ၁၃ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်‌မြေ၊ နမ္မတူမြို့တွင် မြို့မစျေးအနီး ရပ်ကွက် (၄)ရှိ နေအိမ် (၁)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။





ဖြစ်စဥ်တွင် မေလ (၁၂)ရက် ည (၁၁:၄၅)အချိန်တွင် နမ္မတူမြို့ ရပ်ကွက်(၄)ရှိ နေအိမ်တစ်အိမ်သည် လျှပ်စစ်ဝါယာမီးကြိုးရှော့ဖြစ်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်သွားခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး သိန်း (၂၈၀)ခန့် မီးလောင်ဆုံးရှုံးသွားခဲ့သည်။




ထိုမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုများမှ  ည ( ၂း၃၀)အချိန်တွင် ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သည်။


ပြီးခဲ့သည့် မေလ (၇)ရက်နေ့တွင်လည်း နေ့လယ် (၁း၃၀)အချိန်တွင် ကွတ်ခိုင်မြို့နယ်၊ အင်မိန်းအုပ်စု၊ မန်တုံကျေးရွာရှိ နေအိမ်တစ်အိမ်သည် ဘထ္ထရီမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။


တအာင်းပြည်ရှိ သက်ဆိုင်ရာမြို့နယ်အလိုက် မီးသတ်တပ်ဖွဲ့မှ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး၊ ဆေးလိပ်မီးများကို သတိပြုဖို့လိုအပ်ကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် လှုံ့ဆော်ခြင်း၊ အသိပညာပေးခြင်းနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူတွင် လျှပ်စစ်ဝါယာမီး‌ကြိုးရှော့ဖြစ်ရာမှ နေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွာ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်