ကွတ်ခိုင်တွင် တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ကားသမား(၂)ဦး ဖမ်းဆီးရမိ
ကွတ်ခိုင်၊ မေလ ၁၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးလမ်းမပေါ်တွင် PSLF/TNLAရဲတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်နေစဉ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ကားသမား (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်တွင် မေလ ၁၄ ရက် နံနက် (၁၁:၀၀)နာရီအချိန်တွင် ဦးလှမောင် အသက်(၂၇)နှစ် နှင့် ဦးခေါ်ဇင် အသက်(၄၂)နှစ် တို့သည် (X-Trail) ကားအမျိုးအစားနှင့် မူဆယ်မြို့သို့ဦးတည်မောင်းနင်းလာရာ ၎င်းတို့နှစ်ဦးကို တအာင်းပြည်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ဘိန်းဖြူ(၁၆၈)ဗူးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ကားသမားနှစ်ဦးအား တအာင်းပြည်ရဲတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ