မန်စပ်တွင် နေအိမ်များကို ဖောက်ထွင်းပြီးခိုးနေသည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိ
မိုင်းဝီး၊ မေလ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၁)နယ်မြေ၊ မိုင်းဝီးမြို့နယ်၊ မန်စပ်ကျေးရွာရှိနေအိမ်များကို ဖောက်ထွင်းပြီးခိုးနေသည့် အမျိုးသားတစ်ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါအမျိုးသားသည် အသက် (၁၉)နှစ်အရွယ် မိုင်းနိုင်ကျော်အောင်ဆိုသူဖြစ်ပြီး လွန်ခဲ့သည့် ၂ဝ၂၄ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်တွင် ဦးအိုက်ထတို့၏နေအိမ်ကို ဖောက်ထွင်းပြီး ငွေ (၁ဝ)သိန်းကျပ် စတင်ခိုးယူသွားခဲ့ပါသည်။
ထိုအပြင် ကျေးရွာအတွင်းရှိနေအိမ်များကို မကြာခဏ လိုက်လံဖောက်ထွင်းပြီး နေအိမ်အတွင်းရှိ ပစ္စည်းများနှင့် ငွေများကို ခိုးယူနေသောကြောင့်ဒေသခံမိဘပြည်သူများအနေဖြင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့သည်။
၎င်းနောက်တွင် မိုင်းဝီးမြို့ ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် မေလ (၁၇)ရက်တွင် ၎င်းအမျိုးသားကို သွားရောက်ဖမ်းဆီးခဲ့ပါသည်။ထိုအမျိုးသားသည် ကျေးရွာအတွင်း နေအိမ်များကို ဖောက်ထွင်းခိုးယူနေခြင်းသည် (၁ဝ)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင့် ထွက်ဆိုထားပါသည်။
အဆိုပါအမျိုးသားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဥပဒေအရ အရေးယူဆောင်ရွက်သွားဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ