1131

အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ အုမ္မတီးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
22 May 2025

အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ အုမ္မတီးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်


နောင်ချို၊ မေလ ၂၂ရက် 

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။


စစ်ကောင်စီတပ်သည် PSLF/TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နံနက် (၁၁း၅၀)နာရီအချိန်တွင် (၂)ကြိမ်၊ နံနက် (၁၁း၅၃)နာရီအချိန်တွင် (၂)ကြိမ် ဗုံးကြဲချခဲ့ပါသည်။ 


အလားတူ ၎င်းကျေးရွာကို ယမန်နေ့လည်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် လက်နက်ကြီး (၁၅)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ပြီးခဲ့သည့် မေလ (၂၀)ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ PSLF/TNLA အုပ်ချုပ်သော နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅ဝ) ဗုံး (၁)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူလူထု၏ နေအိမ် (၁)လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။


စစ်ကောင်စီတပ်သည် မေလ (၆)ရက်မှ (၃၁)ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားသော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကိုမြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက် ရှိသည်။ 


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှုရန်မှရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြဲရှိရန်လိုအပ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ အုမ္မတီးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်