PSLF/TNLA မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဦးဆောင်ပြီး စံဖိတ်ကျေးရွာအား သောက်သုံးရေရရှိစေရန် ပြုလုပ်ဆောင်ရွက်ပေး
သီပေါ၊ မေလ ၂၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအတွင်း သောက်သုံးရေရရှိစေရန်အတွက် PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်ပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသောက်သုံးရေကို စည်ပင်သာယာရေအဖွဲ့မှ ဦးဆောင်ပြီးကျေးရွာ ဒေသခံများနှင့်အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၅)ရက်မှ စတင်ပြုလုပ်ခဲ့ကာ မေလ (၂ဝ)ရက်တွင် ပြုလုပ်ပြီးစီးခဲ့ပါသည်။
ထိုကျေးရွာသည် ယခင်တွင် အဝီစိရေကို တူးဖော်အသုံးပြုမှုနှင့် အနီးနားရှိ ရေချောင်းများကို အဓိကထားအသုံးပြုနေကြရပါသည်။ လက်ရှိအချိန်တွင် PSLF/TNLA၏ဦးဆောင်မှုဖြင့် ၎င်းကျေးရွာရှိ ရေအခက်အခဲပြဿာနာများကို ဖြေရှင်းနိုင်ခဲ့သည်။
၎င်းကျေးရွာအတွင်း သောက်သုံးရေအဆင်ပြေစေရန်အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ သိန်း (၃ဝဝ)ကျပ် မတည်ကူညီငွေနှင့် ကျေးရွာပြည်သူ လူထုများမှဝိုင်းဝန်ကူညီငွေ သိန်း (၂ဝဝ)ကျော်တို့အပါအဝင် စုစုပေါင်း သိန်းပေါင်း (၅ဝဝ)ကျော် ကုန်ကျခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ