1142

မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၄)ဦးနှင့် သုံးစွဲသူ (၃)ဦးတို့ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း
28 May 2025

မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၄)ဦးနှင့် သုံးစွဲသူ (၃)ဦးတို့ ဖမ်းဆီးရမိ


မိုးကုတ်၊ မေလ ၂၈ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးနှင့် သုံးစွဲသူ (၃)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဥ်တွင် မေလ (၂၆)ရက်  ည (၁၀း၃၀)နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့တို့မှ မိုးကုတ်မြို့အတွင်း ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် ကျော်နိုင်လင်း၊ အောင်မင်းထွေး၊ ဒေါ်သဲမာနှင့် ဒေါ်ဌေးဌေးမြင့်တို့ထံမှ ယာမဆေးပြား (၃၁၀)ပြားနှင့် (၂)ပတ်ပြားပုလင်း (၃)ပုံ (၁)ပုံခန့်တို့အတူ ဖမ်းဆီးရမိခဲ့သည်။


ထိုနောက် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်သည့် ကျော်ခိုင်ထွန်း၊ အောင်နိုင်ထွန်းနှင့်ဇော်မင်းထွန်းတို့ကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိထားသည့် ၎င်းတို့ကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


အလားတူ ပြီးခဲ့သည့် မေလ (၂၄)ရက်တွင်လည်း မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၅)ဦးတို့ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၄)ဦးနှင့် သုံးစွဲသူ (၃)ဦးတို့ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်