မိုးကုတ်တွင် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းတစ်လုံးကို အမျိုးသားတစ်ဦးနင်းမိပြီး သေဆုံး
မိုးကုတ်၊ မေလ ၂၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာတွင်နေထိုင်သည့်အမျိုးသားတစ်ဦးသည် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာမှပေါက်ကွဲပြီး ထိုနေရာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် မေလ (၂၄)ရက် ည (၁ဝးဝ)နာရီအချိန်တွင် အသက် (၂၅)နှစ်အရွယ် မိုင်းအောင်အောင်ဆိုသူသည် ယခင်စစ်ကောင်စီတပ်၏ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)တပ်စခန်းဟောင်း (၅)မိုင်ဂိတ်ရှေ့တွင် နင်းမိခဲ့ခြင်းဖြစ်ပါသည်။
၎င်းအခင်းဖြစ်ပွားခဲ့သည့်နေရာကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ထိုအမျိုးသား၏ ညာခြေတစ်ဖက်ပြတ်သွားခဲ့ပြီး ဘယ်ဘက်ပေါင်တွင်လည်း ပြင်းထန်သည့်ဒဏ်ရာများ ရရှိခဲ့ပါသည်။
ပြီးခဲ့သည့် မေလ (၁၅)ရက်တွင်လည်း မူဆယ်မြို့နယ်၊ တုန်ခန်ကျေးရွာနေ အသက် (၄ဝ)နှစ်အရွယ် ဦးမန်ဘဟာဒူးဆိုသည်နွားကျောင်းနေချိန်အတွင်း အနားယူစဥ်၎င်း၏ညာဘက်လက်သည် မိုင်းကိုဖိမိပြီး ပေါက်ကွဲကာ ထိုနေရာပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ