နမ့်ခမ်းတွင် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းတစ်လုံးကို အမျိုးသားတစ်ဦးနင်းမိပြီး ညာဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွား
နမ့်ခမ်း၊ မေလ ၃၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာတွင်နေထိုင်သည့်အမျိုးသားတစ်ဦးသည် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိပြီး ညာခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပါသည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် မေလ (၂၉)ရက် နံနက် (၈း၀၀)နာရီအချိန်တွင် အသက် (၃၈)နှစ်အရွယ် ဦးထွန်းလှသည် မီးသွေးသွားကြည့်ရာမှ ဟိုပေါ်အထက်ကျေးရွာအနီးတွင် မှိုများခူးနေစဥ် မိုင်းကိုနင်းမိခဲ့ခြင်းသည်။
အဆိုပါ မိုင်းကြောင့် နင်း၏ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပြီး ခန္ဒာကိုယ်ပေါ်တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုမိိုင်းနင်းမိခဲ့သည့်နေရာလည်း ယခင်တွင် စစ်ကောင်စီတပ်တို့ တပ်စခန်းချခဲ့သည့်နေရာလည်း ဖြစ်ပါသည်။
ပြီးခဲ့သည့် မေလ (၂၄)ရက်လည်း မိုးကုတ်မြို့နယ်တွင် အသက် (၂၅)နှစ်အရွယ် မိုင်းအောင်အောင်ဆိုသူသည် ယခင်စစ်ကောင်စီတပ်၏ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)တပ်စခန်းဟောင်း (၅)မိုင်ဂိတ်တွင် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ