မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁)ဦးအပါအဝင် ပြည်သူလူထု (၂)ဦး ထိခိုက်ဒဏ်ရာရ
မိုးကုတ်၊ ဇွန် ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၁)ဦးအပါအဝင် ပြည်သူလူထု (၂)ဦး ထိခိုက်ဒဏ်ရာရရှိ့ပါသည်။
ဖြစ်စဥ်တွင် ယမန်နေ့ ည (၁၁း၁၃)နာရီအချိန်တွင် စစ်ကောင်စီတပ်မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁)ဦးနှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၅)လုံးနှင့်ဘုန်းကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ ယမန်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့အတွင်း ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံးခဲ့ပြီး ကလေးငယ်(၂)ဦးအပါအ၀င် (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄၉)အိမ်နှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ