နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဟောင်ဝေဇာလက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သောကြောင့် ပြည်သူလူထု(၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၃)လုံးထိမှန်ပျက်စီး
တအာင်းပြည်၊ ဇွန်လ ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဟောင်ဝေဇာလက်နက်ကြီးဖြင့် (၁၂)လုံးပစ်ခတ်တိုက်ခိုက်သောကြောင့် ပြည်သူလူထု(၁)ဦးဒဏ်ရာရရှိပြီး နေအိမ်(၃)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။
ဖြစ်စဥ်မှာ ယနေ့နံနက် (၈း၃၀)နာရီအချိန်တွင် နောင်ချိုမြို့၊ စျေးရပ် နယ်မြေ-၉ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်သည် ဟောင်ဝေဇာလက်နက်ကြီး(၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု (၁)ဦးထိမှန် ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်နေသည့်ပြည်သူလူထု နေအိမ်(၁)လုံး ထိမှန်မီးလောင်သွားခဲ့သည်။
အလားတူ ယမန်နေ့ ည (၁၀း၄၅)နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီး (၈)လုံးသည် နောင်ချိုမြို့၊ စျေးရပ်ကွက် နယ်မြေ(၁၀)တွင် နေအိမ် (၂)လုံးထိမှန်သွားခဲ့ပြီး၊ အချို့မှာ ကျောက်ဂူ ဘုန်းကြီးကျောင်းအောက်ဘက်တောထဲတွင် ကျရောက်ပေါက်ကွဲသွားခဲ့သည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့်ပြည်သူလူထုများကို အရေးပေါ်ဆေးကုသပေးခဲ့ပြီး၊ လက်နက်ကြီးထိမှန်မီးလောင်းသွားသည့် နေအိမ်များကို နောင်ချိုမီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုများမှ သွားရောက်မီးငြိမ်းသတ်ပေးခဲ့သည်။
အဆိုပါနေရာများတွင် စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခြင်းဖြစ်ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ