1212

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံး၊ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
27 June 2025

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံး၊   အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

ကျောက်မဲ၊ ဇွန် ၂၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၇)တွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၁)ဦး‌ သေဆုံးခဲ့ပြီးအမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။




ဖြစ်စဥ်တွင် ယမန်နေ့  ညသန်ခေါင်ယံ (၁၂း၄၇)နာရီအချိန်တွင် တစ်ကြိမ်၊ (၁၂း၅၂)နာရီအချိန်တွင် တစ်ကြိမ်ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အသက် (၄၉)နှစ်အရွယ် ဒေါ်မိုးစုနောင် သေဆုံးခဲ့ပြီး အသက် (၁၉)နှစ်အရွယ် ကိုဖြိုးသန်းကျော် နှင့် အသက်(၁၇)နှစ်အရွယ် ကိုဇော်ထူးလင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၂)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။




ပြီးခဲ့သည့် ဇွန်လ (၂၅)ရက်နေ့ ည (၁၁း၁၃)နာရီအချိန်တွင် မိုးကုတ်မြို့၊အုန်းကိုင်းရပ်ကွက်တွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့်ကလေးငယ် (၁)ဦးအပါအဝင် ပြည်သူလူထု (၂)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၅)အိမ်နှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုအပြင် ဇွန်လ (၂၄)ရက်နေ့လည်း ကျောက်မဲမြို့အတွင်းစစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦးအပါအ၀င်(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၄၉)အိမ်နှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန













Topics: တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၇)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၁)ဦး‌ သေဆုံးခဲ့ပြီးအမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်