မိုင်းဝီးမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွား
မိုင်းဝီး၊ ဇွန်လ ၃၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊မိုင်းဝီးမြို့၊ ရပ်ကွက် (၁)တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ယမန်နေ့ ဇွန်လ (၂၉)ရက်နေ့ နံနက် (၇း၅၀)နာရီအချိန်တွင် ဒေါ်ဇော်ခင်သည် အပြင်သွားနေစဥ် အိမ်တွင်ကျန်ရှိနေသည့် စိတ်ကျန်းမာရေးချို့ယွင်းသူဦးရီဖက်သည်နေအိမ်ကို မီးရှို့ခဲ့ပါသည်။
ထိုနေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး (၇၈)သိန်းကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ထိုမီးလောင်နေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမီးသတ်တပ်ဖွဲ့၊ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများ ဝိုင်းဝန်းပြီး နံနက် (၈း၂၀)အချိန် မီးငြိမ်းသတ်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ (၁၁)ရက်နေ့လည်း မိုင်းဝီးမြို့နယ်၊လွယ်ဟွမ်အုပ်စု၊ တွန်ကော်ကျေးရွာတွင် ဘက်ထရီမှတစ်ဆင့်ပေါက်ကွဲပြီး နေအိမ်(၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ