ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၄)အိမ်နှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီး
ကျောက်မဲ၊ ဇွန်လ ၃၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက်(၇)၊ မြောက်ကုန်းနှင့် (၅၀၂)တပ်စခန်းဟောင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၆)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် (၄)အိမ်နှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း ထိမှန်ပျက်စီးခဲ့ပါသည်။
ဖြစ်စဥ်တွင် ယမန်နေ့ ည (၈း၃၈)နာရီအချိန်တွင် လေကြောင်းဖြင့် ရပ်ကွက်(၇)တွင် ဗုံး(၂)လုံး၊ မြောက်ကုန်းရပ်ကွက်တွင် ဗုံး(၂)လုံးနှင့် (၅၀၂)တပ်စခန်းဟောင်းတွင် ဗုံး (၂)လုံးဖြင့် စုစုပေါင်းဗုံး (၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
အလားတူ ယမန်နေ့ နေ့လယ် (၂း၃၃)နာရီအချိန်တွင် ရပ်ကွက် (၁)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်ပေါင် (၂၅ဝ)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၁၀)အိမ်၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်နေ့နှင့်(၂၆)ရက်နေ့လည်း ကျောက်မဲမြို့အတွင်း လေ ကြောင်းဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု (၅)ဦး သေဆုံးခဲ့ပြီး ကလေးငယ်(၂)ဦးအပါအ၀င် ပြည်သူလူထု (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၁)အိမ်နှင့် စာသင် ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက် နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ