1231

တအာင်းပညာရေးထီ၏ (၂၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုကို ကွတ်ခိုင်မြို့နယ်၊ ဟွေခုတ်ကျေးရွာက ဦးအေတီမှ ဆွတ်ခူးရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
02 July 2025

တအာင်းပညာရေးထီ၏ (၂၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုကို ကွတ်ခိုင်မြို့နယ်၊ ဟွေခုတ်ကျေးရွာက ဦးအေတီမှ ဆွတ်ခူးရရှိ

တအာင်းပြည်၊ ဇူလိုင်လ ၂ရက်

တအာင်းပြည်ပညာရေးကိုရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းပညာရေးထီ၏ (၂၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ကွတ်ခိုင်မြို့နယ်၊ဟွေခုတ်ကျေးရွာက ဦးအေတီမှ ဆွတ်ခူးရရှိသွားခဲ့သည်။

တအာင်းပြည် တအာင်းပညာရေး ရန်ပုံ ငွေအတွက် (၂၅)ကြိမ်မြောက်ထီဖွင့်ပွဲအား တအာင်းပြည်တစ်နေရာတွင် ဇူလိုင် လ (၁)ရက် နံနက်ပိုင်းအချိန်တွင် တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည်။

သိန်း (၅၀၀)ဆု၏ဂဏာန်းသည် အက္ခရာ (A-83139) ဖြစ်ကာ သိန်း (၅၀၀)ဆု၊ သိန်း(၁၀၀)ဆု (၁)ဆု၊ သိန်း(၅၀) ဆု (၁)ဆု၊ သိန်း(၃၀)ဆု (၂)ဆု၊ (၁၀)သိန်းဆု (၃)ဆု၊ (၅)သိန်းဆု (၁၀)ဆု၊ (၂) သိန်းဆု (၅၀)ဆု၊ သိန်း (၅၀၀)ဆု၏ အက္ခရာကွဲ ဂဏာန်းတူဆုများ၊ အက္ခရာတူ နောက်ဆုံးဂဏာန်းလေးလုံးတူဆုများ၊အက္ခရာတူ နောက်ဆုံးဂဏာန်းသုံးလုံးတူဆုများ၊ အက္ခရာတူ နောက်ဆုံးဂဏာန်းနှစ်လုံးတူဆုများအပြင် သိန်း(၁၀၀)ဆု၏ အက္ခရာကွဲ ဂဏာန်းတူဆုများ    ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် တအာင်းပညာရေးထီ၏ (၂၄)ကြိမ်မြောက်အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင်နေထိုင်သည့် လွေးအီကြာမိုင်မှ အက္ခရာ (C-85195) ဆွတ်ခူးရရှိသွားခဲ့သည်။


တအာင်းပညာရေးကောင်စီ-TLECသည် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၀၀)ကျော်၊ ကျောင်းသူ/သား (၆၆၀၀၀)ကျော်နှင့် ဆရာ/မ(၃၅၀၀) ကျော်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန်ကျန်ရှိနေသည့်မြို့နယ်များမှ အခြေခံ ပညာ စာသင်ကျောင်းများဆက်လက်ဖွင့်လှစ်သွားလျှက်ရှိသည်။

ထိုကြောင့် စာသင်ကျောင်းများလိုအပ်သည့် ရန်ပုံငွေနှင့်ဆရာ/ဆရာမများအတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့်ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့်တအာင်းပြည်မှ ကလေးငယ်များ၏ ပညာရေးအား အထောက်အပံ့ဖြစ်ရန် တအာင်းပညာရေးထီအား ထိုးပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေးထီ၏ (၂၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုကို ကွတ်ခိုင်မြို့နယ်၊ ဟွေခုတ်ကျေးရွာက ဦးအေတီမှ ဆွတ်ခူးရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်