သီပေါတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်
သီပေါ၊ ဇူလိုင် ၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ထိမှန်ပျက်စီးခဲ့သည်။
ယမန်နေ့ ည (၁၀း၅)မိနစ်တွင် (၁)ကြိမ်၊ (၁၀.၁၁)မိနစ်တွင် (၁)ကြိမ် ဂျက်ဖိုက်တာဖြင့် ဗုံး ( ၂) ကြိမ် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင် (၁)ဆောင်၊ စည်ပင် အဆောက်အဦး (၅)လုံးနှင့် နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၂)နေ့တွင်လည်း မန်လီကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ရာမှ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း နှင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။
ပြီးခဲ့သည့် ဇွန်လတစ်လတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်(၂)ဦးအပါအဝင် ပြည်သူလူထု (၂၂)ဦးထိမှန်ဒဏ်ရာရရှိပြီး (၅)ဦးသေဆုံးကာ နေအိမ် (၆၅)လုံး၊ စာသင်ကျောင်း (၃)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်း ရန်ကာကွယ်ရေး ဆိုင်ရာနည်း လမ်းများလိုက် နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ