နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
နောင်ချို၊ ဇူလိုင်လ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နှင့် မျက်ချီးနုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၆)ရက်နေ့ ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂၄)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
အလားတူ နောင်လင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၁၆)လုံး၊ လက်နက်ကြီး (၄၀)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။ ထိုနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လုံစံကျေးရွာဘက်လည်း စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံး (၃၂)လုံးနှင့် လုံဖာကျေးရွာတွင် လေကြောင်းဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက် ခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၅)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ ကျောက်တော၊ ကျောက်ကြမ်း၊ နောင်လင်၊ မျက်ချီးနုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂၇)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ