1246

မိုးကုတ်နှင့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံး၊ (၁၂)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
08 July 2025

မိုးကုတ်နှင့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံး၊ (၁၂)ဦး ထိခိုက်ဒဏ်ရာရ


တအာင်းပြည်၊ ဇူလိုင် ၈ရက်


တအာင်းပြည်၊  မိုးကုတ်နှင့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးလာရောက်ကြဲချမှုကြောင့်  ပြည်သူလူထု (၄)ဦး သေဆုံးခဲ့ပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။





ယနေ့ နံနက် (၉းဝ၅)နာရီအချိန်တွင် မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့်  ဒေါ်ခင်မျိုးထွေး၊ ဒေါ်ခင်ထားရီနှင့် ဦးလှသိန်းတို့ သေဆုံးခဲ့ပြီး ပြည်သူလူထု (၈)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၁၀)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။


အလားတူ ယနေ့ နံနက် (၉း၀၃)နာရီအချိန်တွင်လည်း ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ပြည်သူလူထုများကို  ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။


ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၅၆)နှစ်အရွယ် ဒေါ်မြင့်မြင့်သန်းသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အောင်သက်ပိုင်၊ ဦးဝေ၊ ဒေါ်ပုပ်နှင့် ဦးအိုက်ဆွယ်တို့သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။ ထိုနောက် နေအိမ် (၇)လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။


ပြီးခဲ့သည့် ဇူလိုင် (၅)ရက်နေ့လည်း ကျောက်မဲမြို့၊ ရပ်ကွက် (၂)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၁)လုံး ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၄)လုံး ထိမှန်ပျက်စီးခဲ့သည်။


စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်း စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလည်း လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဗုံးများကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေပါသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်နှင့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံး၊ (၁၂)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်