1272

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်များ ထိမှန်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
20 July 2025

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်များ ထိမှန်ပျက်စီး

သီပေါ၊ ဇူလိုင်လ ၂၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်များထိမှန်ပျက်စီးသွားခဲ့သည်။





ဖြစ်စဥ်တွင် ယမန်နေ့ ည (၁၁း၄၅)နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၃)လုံး လာရောက်ကြဲချခဲ့သည်။ ထိုဗုံးသည် ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲမှုကြောင့်  အ.မ.က (၁)ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် သီပေါမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင် (၁၄)ရက်နေ့တွင် (၁)ကြိမ်၊ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီး ဗုံးလာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး သေဆုံးသွားကာ (၅)ဦးဒဏ်ရာရရှိပြီး နေအိမ် (၁၃)အိမ်၊ အဆောက်အဦး (၆)လုံးထိခိုက်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများလိုက်နာဆောင် ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်များ ထိမှန်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်