1275

ဟူးဆွန်ကျေးရွာတွင် အမျိုးသမီး (၁)ဦး လက်ဖက်ခြံသွားနေစဥ် မိုင်းနင်းမိသေဆုံး

ဒေသတွင်းသတင်း
21 July 2025

ဟူးဆွန်ကျေးရွာတွင် အမျိုးသမီး (၁)ဦး လက်ဖက်ခြံသွားနေစဥ် မိုင်းနင်းမိသေဆုံး

မိုင်းငေါ့၊ ဇူလိုင်လ ၂၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းငေါ့မြို့နယ်၊ ဟူးဆွန်ကျေးရွာတွင် အမျိုးသမီး (၁)ဦးသည် လက်ဖက်ခြံသွားရာတွင် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၅)ရက်နေ့ နေ့လယ် (၁၁း၂၀)နာရီအချိန်၌ အသက် (၂၈)နှစ်အရွယ် ဒေါ်အေးဝင်သည် လက်ဖက်ခြံသို့သွားနေစဥ် ညောင်ပင်အနီးတွင် မိုင်းကိုနင်းမိ၍ပေါက်ကွဲကာ မိုင်းစထိမှန်ပြီး ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသမီး၏အလောင်းကို ကျေးရွာတာဝန်ရှိသူနှင့်ကျေးရွာပြည်သူလူထုများမှ သွားရောက်သယ်ဆောင်ခဲ့ပြီး ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့တွင် နမ့်ခမ်းမြို့၊ စခန်းသစ်ဟောင်းအနီးတွင် ပြောင်ဖူးခြံရှင်းနေသည့် အမျိုးသမီးတစ်ဦးသည် မိုင်းကိုပေါက်မိ၍ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဟူးဆွန်ကျေးရွာတွင် အမျိုးသမီး (၁)ဦး လက်ဖက်ခြံသွားနေစဥ် မိုင်းနင်းမိသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်